
သဘာဝကျောင်း
Wild to Wise သဘာဝကျောင်းသည် မြန်မာနိုင်ငံ ပြည်မြို့တွင်တည်ရှိပြီး အသက် ၃နှစ်မှ ၂၀ နှစ်အတွင်းရှိ ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။ သမားရိုးကျကျောင်းပုံစံများမှ ခွဲထွက်ထားရှိကာ ကျောင်းသူကျောင်းသားများသည် သဘာဝပတ်ဝန်းကျင်တွင် ကိုယ်တိုင် ထိတွေ့လေ့လာနိုင်မည်ဖြစ်ပြီး ဗဟုသုတ၊အသိဉာဏ်နှင့်ကျွမ်းကျင်မှုများ ရရှိနိုင်အောင် စီစဉ်ထားရှိပါသည်။
ကလေးများကို တွေးခေါ်စွမ်းရည်၊ နှလုံးရည်၊ လက်ရုံးရည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးရမည်ဟု ကျွနု်ပ်တို့ကျောင်းက အခိုင်အမာယုံကြည်ပါသည်။ ကျွနု်ပ်တို့ကျောင်းက ကလေးများတွင်ရှိသော သဘာဝစွမ်းရည်များကို ပိုမိုတိုးတက်စေရန် နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဘိုးထားတတ်သည့် စိတ်များ ကိန်းအောင်းလာစေရန် ပြုစု ပျိုးထောင်ပေးပါမည်။

ပတ်ဝန်းကျင် အခြေအနေ
ကျွန်ုပ်တို့သဘာဝကျောင်း၏ ပတ်ဝန်းကျင် အခြေအနေသည် သမားရိုးကျကျောင်းများနှင့်မတူဘဲ လုံးဝကွဲပြားခြားနားလျက်ရှိပါသည်။ သမားရိုးကျ မူကြိုကျောင်းများတွင်တွေ့မြင်ရသော ပလက်စတစ် ရုပ်တောက်တောက်ပြောင်ပြောင်များကို တွေ့ရှိရမည်မဟုတ်ဘဲ ပလက်စတစ်ရုပ်များနေရာတွင် သဘာဝပစ္စည်းများဖြစ်သည့် သစ်သား၊ ဝါဂွမ်း ၊ရွှံ့များဖြင့် လုပ်ထားသော ကစားစရာများကိုသာ တွေ့ရမည်ဖြစ်သည်။ကျွနု်ပ်တို့၏ ပြင်ပလက်တွေ့စာသင်ခန်းများသည် နေပူပူ မိုးရွာရွာ အသက်ဝင်နေမည်ဖြစ်ပြီး သဘာဝ၏စည်းချက်နှင့် ကျောင်းသားများကို ဆက်သွယ်ခွင့်ပေးသည့် ကြိုးစား အားထုတ်မှုတစ်ရပ်ဖြစ်ပါသည်။

စာသင်ခန်းပြင်ပ လေ့လာသင်ယူရေး
မြန်မာနိုင်ငံတွင် သဘာဝကျောင်း မရှိသေးသည့်အတွက် ကျွနု်ပ်တို့၏ စာသင်ခန်းပြင်ပ လေ့လာသင်ယူရေး အစီအစဉ်များသည် မြန်မာနိုင်ငံပညာရေးလောကအတွက် ထူးထူးခြားခြား ရှေ့ဆောင်လမ်းပြအဖြစ် တည်ရှိနေမည်ဖြစ်သည်။ ကလေးများ၏ ပညာရေးတွင် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာပြီး သင်ယူမှုအတွက် အသင့်ဖြစ်နေခြင်းသည် အရေးကြီးသဖြင့် ကျွနု်ပ်တို့၏ သဘာဝကျောင်းက ဤသင်ယူမှုပုံစံအသစ်ကို မြန်မာနိုင်ငံအဝှမ်း ပြန့်ပွားစေလိုခြင်းဖြစ်သည်။ ကျွနု်ပ်တို့၏သဘာဝကျောင်းတွင် ကျောင်းအပ်နှံပါက ဤရည်ရွယ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်ဆောင်ပေးနိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
ရည်မှန်းချက်
ကလေးများ၏ လူမှုဘဝ တိုးတက်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာသန်စွမ်းသည့် ကိုယ်ခန္ဓာနှင့်အတူ လွတ်လပ်မျှတစွာ တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သည့် ဉာဏ်ရည်ဉာဏ်သွေးများ သဟဇာတကျကျ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန်အတွက် လိုအပ်သည့် ရည်ရှည်တည်တံ့ခိုင်မြဲမည့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခုကို ဆရာမိဘများ အတူတကွ ပူးပေါင်းဖန်တီးရန် ရည်ရွယ်ပါသည်။ နှလုံးသားမပါသော ဦးနှောက်သပ်သပ်ဖြင့် တွေးခေါ်ဆုံးဖြတ်နေသော အခြေအနေမှ လူသားပီသသော မေတ္တာနှင့် ကိုယ်ချင်းစာတရားကို ထည့်သွင်းစဉ်းစားလာပြီး စိမ်းလန်းသောကမ္ဘာမြေနှင့် သက်ရှိသတ္တဝါအားလုံးအတွက် အကျိုးပြုနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပါသည်။
ကျွနု်ပ်တို၏လုပ်ငန်းတာဝန်များ
Wild to Wise သဘာဝကျောင်းသည် ကလေးများ မိမိကိုယ်ကို နားလည်သဘောပေါက်လာပြီး ယုံကြည်မှုရှိလာစေရန်အတွက် အသက်အရွယ်အပိုင်းအခြားအလိုက် သဘာဝတွင် ကစားရင်း ပညာ၊ စိတ်ဓါတ်နှင့် ကျွမ်းကျင်မှုများကို သင်ယူစေသောစနစ် (Integrated Nature Play and Knowledge-Mind-Skill (KMS) Process Learning) ကို ကျင့်သုံးပါသည်။ ဤသင်ကြားမှုစနစ်သည် သဘာဝပတ်ဝန်းကျင်ကို အခြေခံထားသည့်အတွက် အစဉ်အမြဲ ပြောင်းလဲနေသော ကလေးများ၏လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ယုံမျှမက ကလေးများကလည်း ဤသင်ကြားမှုစနစ်အား နှစ်သက်လက်ခံလာကြကာ အဓိပ္ပါယ်ရှိသော မိမိတို့ဘဝအတွက်လိုအပ်သော အသိဉာဏ်၊ ဗဟုသုတနှင့် ကိုယ်ရည်ကိုယ်သွေးကို ရရှိလာကြမည်ဖြစ်သည်။
ကျွနု်ပ်တို့၏အခြေခံမူများ
သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားခြင်းနှင့် လူနှင့်သဘာဝပတ်ဝန်းကျင်တို့၏ အပြန်အလှန် ဆက်နွှယ်မှုတို့သည် ကလေးများ၏သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျွနု်ပ်တို့က ဤအချက်ကို အထူးအလေးထား တိုက်တွန်းအကောင်အထည်ဖော်ဆောင်ရွက်ပါမည်။
- ကလေးများ၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလိုစိတ်နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားတတ်သည့် စိတ်ဓါတ်များ ကိန်းအောင်းလာသည်အထိ ပြုစုပြိုးထောင်ပေးရန် ရည်ရွယ်ပါသည်။
- ကလေးများထံတွင် သဘာဝပတ်ဝန်းကျင်၏ ဦးဆောင်လမ်းပြနိုင်စွမ်းကို လေးစားသည့်စိတ် ဖြစ်ပေါ်စေရန်အတွက် ကျွနု်ပ်တို့က ရည်ရွယ်သည်။
ကလေးများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးများအား ကာကွယ် ပြုစု ပြိုးထောင်ပေးမည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိသင့်သည်ဟု ကျွနု်ပ်တို့က ယုံကြည်ပါသည်။
ကလေးများ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်သည် အသက်အရွယ် အပိုင်းအခြားအလိုက် အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှုကို ကောင်းစွာနားလည်သဘောပေါက်ထားသောကြောင့် ယင်းတို့ကို အခြေခံ၍ Wild to Wise သဘာဝကျောင်း၏ ပညာရေး အခြေခံမူများကို ရေးဆွဲထားခြင်းဖြစ်ပါသည်။
ကလေးများ၏အသက်အရွယ်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများ၏လေ့လာစူးစမ်းလိုစိတ် အမြဲထက်သန်နေရန် ရည်ရွယ်ပါသည်။
ကျွနု်ပ်တို့၏သဘာဝကျောင်းမှ အသုံးပြုသော KMS သင်ကြားရေးစနစ်သည် ကလေးများအား အသိဉာဏ်(Knowledge)(ခေါင်း)၊ စိတ်ဓါတ်(Mind)(နှလုံး)၊ ကျွမ်းကျင်မှု(Skill)(လက်) ဘက်ပေါင်းစုံကို မျှမျှတတ တိုးတက်စေနိုင်မည်ဟု ယုံကြည်ပါသည်။ ခံစားခြင်း၊ တွေးတောကြံဆခြင်း၊ စိတ်ဆန္ဒပြင်းပြခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းဆိုသည့် သိမှုနယ်ပယ် ငါးရပ်စလုံးတွင် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ကလေးများ၏အဓိပ္ပါယ်ရှိသောဘဝအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ကျွနု်ပ်တို့က ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ကလေးများကို စဉ်းစားတွေးခေါ်နည်းအသစ်များ သင်ကြားပေးမည်ဖြစ်ပြီး လွတ်လပ်စွာသင်ယူခြင်းကို အားပေးမည်ဖြစ်သောကြောင့် ကလေးများသည် ပြဿနာဖြေရှင်းနိုင်သူ၊ ဆက်ဆံရေးကောင်းသူ၊ စိတ်ကူးဉာဏ်ကွန့်မြူးသူများ ဖြစ်လာပါမည်။
ဘဝအတွက်လိုအပ်သော ဤကျွမ်းကျင်မှုများသည် ကလေးများကို မိမိကိုယ်မိမိ ယုံကြည်လာစေသော ခွန်အားကိုရစေမည်ဖြစ်ပြီး ဘဝအတွက်အရေးပါသော မေးခွန်းများဖြစ်သည့် ငါဘယ်သူလဲ၊ ဘာဖြစ်တာလဲ၊ ငါဘယ်လိုလုပ်လို့ရမလဲ၊ ငါ့ဘဝရဲ့အိပ်မက် ငါ့ဘဝရဲ့ ရည်မှန်းချက် ကဘာလဲ၊ ဘာလို့လုပ်သင့်တာလဲ၊ ဘာလို့မလုပ်သင့်တာလဲ၊ဘယ်တော့လုပ်ရမလဲ စသည့် (ဘာ၊ဘယ်လို၊ ဘာကြောင့်၊ ဘယ်ကို၊ ဘယ်အချိန်)ဆိုသည့် မေးခွန်းများကို မေးတတ်လာစေမည်ဖြစ်သည်။
ကလေးများ၏ဝါသနာ၊ ထူးချွန်သည့်နေရာနှင့် လူတိုင်းတွင်ထူးခြားသည့်အလားအလာကောင်းများ ရှိသည်ကို သိရှိလာအောင် ကျွနု်ပ်တို့က ကူညီပေးမည်ဖြစ်သည်။ပညာလေ့လာသင်ယူရခြင်း၏ အကြောင်းအရင်းကိုလည်း ရှာဖွေတတ်အောင် ကူညီပေးမည်ဖြစ်သည်။
ယခုမေးထားသေားမေးခွန်းများ၏ အဖြေကိုရှာဖွေခြင်းသည်ပင်လျှင် ပညာရေး၏အခြေခံအကျဆုံး ရည်ရွယ်ချက်ဖြစ်ပါသည်။ ယခုကဲ့သို့သင်ကြားခြင်းဖြင့် ကလေးများသည် သူတို့မည်သည့်နေရာတွင် ထူးချွန်နေသည်ကို သိရှိလာပြီး အနာဂတ်တွင် ထူးချွန်ထက်မြက်သော ပညာတတ်လေးများ ပေါ်ထွက်လာမည် ဖြစ်ပါသည်။
ကလေးများ၏ ကောင်းကျိုးအဖြာဖြာအတွက် ပြည့်စုံလုံလောက်သော အသိဉာဏ်ဗဟုသုတကို ကျွနု်ပ် တို့က လေ့လာရှာဖွေထားပါသည်။ကလေးများအဆင့်ဆင့်ပြောင်းလဲတိုးတက်လာပုံနှင့် ကလေးများနှင့် ပတ်ဝန်းကျင်တို့၏ဆက်နွယ်ပုံတို့ကို သူတို့၏ခန္ဓာနှင့်စိတ်ကို သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်၍ ဘက်ပေါင်းစုံမှ လေ့လာထားပါသည်။
ကျွန်ုပ်တို့ကျင့်သုံးသော Knowledge-Mind-Skill (KMS) Process Learning သည် ကလေးများ၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အချိုးကျကျ တိုးတက်မှုကို ဆောင်ကြဉ်း ပေးနိုင်ပါသည်။ အတွင်းနှင့်အပြင်၊ ရုပ်နှင့်နာမ်၊ သဘာဝနှင့်လူဖန်တီးမှု စသည့်ဖြင့် တိုးတက်မှုတိုင်းသည် သဟဇာတကျ၍ အချိုးညီရန် လိုအပ်ပါသည်။ကျွနု်ပ်တို့၏ သဘာဝကျောင်းက ကိုယ်ရည်ကိုယ်သွေး၊ အသိဉာဏ်၊ ကျွမ်းကျင်မှုနှင့် စိတ်ဓါတ် နယ်ပယ် လေးခုအတွက် အခြေခံလမ်းညွှန်မှုများနှင့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးပါမည်။
ဤဆန်းသစ်သောနည်းလမ်းဖြင့် ကလေးငယ်များ၏ဆင့်ကဲတိုးတက်မှုကို သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်ပေးပြီး ကျွနု်ပ်တို့ကျောင်း၏ အခြေခံမူများအပေါ်အခြေခံလျှက် ထူးချွန်ထက်မြက်သော ၊သဘာဝပတ်ဝန်းကျင်ကို အစဉ်စိမ်းလန်းစိုပြေနေရန် ကြိုးစားနေသော လူသားသက်သေများကို မွေးထုတ်ပေးရန် ကျွနု်ပ်တို့က အဓိဌာန်ထားပါသည်။