အုပ်ချုပ်ရေးစည်းမျဉ်းများ

ကမ္ဘာမြေအားအစဉ်စိမ်းလန်းစိုပြေနေစေရန်

Wild to Wise သဘာဝကျောင်းကို အမြဲတမ်းစိုက်ခင်းစနစ်(Permaculture)၏ အခြေခံစည်းမျဉ်းများ အပေါ် အခြေခံ၍ ပုံဖော်ထားခြင်းဖြစ်ပါသည်။အမြဲတမ်းစိုက်ခင်းစနစ်(Permaculture) ဆိုသည်မှာ ရေရှည်တည်တံ့သော လူသားများနေထိုင်ရာ ဖန်တီးရန်အတွက်  စနစ်တကျ စီမံဆောင်ရွက်ခြင်းပင် ဖြစ်သည်။

ယခုအခါတွင် Permaculture အခြေခံစည်းမျဉ်းကိုသာမက ပညာရေးပုံစံသစ်၊ စီးပွားရေးစနစ်၊ လူထုစွမ်းအင်အစီအစဉ် နှင့် အခြားသော အပြုသဘောဆောင်သည့် လှုပ်ရှားမှုများစွာပါဝင်သော ကျောင်းပရဝဏ်ကြီး ရှိနေပြီ ဖြစ်သည်။ဤပညာရေးပရောဂျက်ကို အကောင်အထည် ဖော်ဖြစ်ရန်အ တွက်အဓိကတွန်းအားမှာ လက်ရှိခံစားနေရသော သဘာဝပတ်ဝန်းကျင် နှင့်လူမှုရေးအကျပ်အတည်း များပင်ဖြစ်သည်။ ကျွနု်ပ်တို့ကဲ့သို့ လူမှုအဖွဲ့အစည်းများကသာ မဖြေရှင်းလျှင် ဤပြဿနာကို မည်သူမှ ဖြေရှင်းမည်မဟုတ်ပေ။

Wild to Wise သဘာဝကျောင်း၏ အမြဲတမ်းစိုက်နည်းစနစ်( Permaculture)သည် ရှုခင်းသက်သက် အတွက်သာ ဖန်တီးထားခြင်းမဟုတ်ဘဲ အခြေချနေထိုင်မှုအတွက် ပညာပေးခြင်း၊စီးပွားရေးစနစ်၊ စွမ်းအင်စနစ်၊ အညစ်အကြေးများစနစ်တကျ အသုံးချစွန့်ပစ်ခြင်းများပါ ပါဝင်ပါသည်။ ယင်းအတွက် ကြောင့်ပင် သဘာဝကျောင်းကို နေရောင်ခြည်အများဆုံးနှင့် စွမ်းအင်အများဆုံးရနိုင်မည့်နေရာတွင် စနစ်တကျ ရွေးချယ်တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ရေအရင်းအမြစ်ထိန်းသိမ်းခြင်းနှင့် ဆောင်လုပ်ရေး ပစ္စည်းရွေးချယ်ခြင်းကအစ အထူးဂရုပြု ဆောင်ရွက်ထားရှိပါသည်။ ထွက်ရှိလာသော အော်ဂဲနစ်အညစ်အကြေးများကို ပြန်လည်အသုံးပြုပြီး ကျောင်းအတွက်လိုအပ်သော သီးနှံကို ကျောင်း တွင်းမှာပင် စိုက်ပျိုးရန် စိုက်ပျိုးခြံ အသေးစားကိုလည်း စီစဉ်ထားရှိပါသည်။ အကျိုးများသော အပင်ကြီးများစိုက်ပျိုးရေးကိုလည်း အလေးထားပြီး လေကာခြင်း၊ မြေဆီလွှာရေတိုက်စားမှုမှ ကာကွယ်ခြင်း၊ ဇီဝလောင်စာရရှိစေခြင်း စသည့်အကျိုးများလည်း ရရှိစေနိုင်မည်ဖြစ်သည်။ အတိုချုပ်ဆိုရပါမူ  သဘာဝကျောင်းသည် ကျောင်း၏နေရာတွင် ဇီဝမျိုးစုံ ထိန်းသိမ်းပြန့်ပွားရေး၊ မြေဆီလွှာထိန်သိမ်းရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေး၊ ကျောင်း၏သဘာဝအလှကို ထိန်းသိမ်းရေးများအပြင် သဘာဝပတ်ဝန်းကျင်ကိုပါ မထိခိုက်စေရေးအတွက် နည်းလမ်းပေါင်းစုံစဉ်း စားပြီး ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ကစားခုံစားခြင်း

Wild to wise သဘာဝကျောင်းသည် သဘာဝအတိုင်းကစားရင်း ပညာသင်ကြားသော ကျောင်းဖြစ်သည်။ကစားခုံစားခြင်းသည် ရှာဖွေစူးစမ်းခြင်းနှင့် ရှာဖွေတွေ့ရှိခြင်းတို့၏ အခြေခံဖြစ်သည်။ကစားခြင်းသည် ခွန်အားကိုဖြစ်စေသည်၊ လူကိုစွမ်းဆောင်စေနိုင်သည်၊ စိတ်လှုပ်ရှားစေပါသည်။ ကစားခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝကျသော သင်ယူမှုကို ဖြစ်စေပါသည်။ တစ်ဦးနှင့်တစ်ဦး ထိတွေဆက်ဆံမှုကို ဖြစ်စေပြီး မိမိတို့အကြောင်း ပတ်ဝန်းကျင် အကြောင်းကို ပိုမို၍သဘောပေါက် နားလည်စေနိုင်ပါသည်။ပျော်ရွှင်မှုကို ရရှိစေနိုင်သောကြောင့် အမြဲအတူကစားပြီးရင်းနှီးမှုကိုရစေပါသည်။

ဘေးကင်းသော သဘာဝကစားနည်း

ယခုအခါတွင် မိဘအများစုသည် မိမိတို့၏ကလေးများကို သဘာဝနှင့် နီးနီးကပ်ကပ်နေ၍ ဘေးအန္တရယ်ကင်းစွာ ကစားစေလိုကြသည်။ မိဘများတောင့်တသော သဘာဝပတ်ဝန်းကျင်သည် လည်း မရပ်မနား ပျက်စီးနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ ထို့ကြောင့် သဘာဝကျောင်းလိုအပ်သည် မှာ ထင်ရှားနေပြီဖြစ်သည်။ သဘာဝကျောင်းသည် အခြားသမားရိုးကျကျောင်းများနှင့်မတူဘဲ သဘာဝရှုခင်းများကြားတွင် သဘာဝအတိုင်း ကစား၍ လေ့လာသင်ယူနိုင်ပြီး လုံခြုံဘေးကင်းပါသည်။ လူ့အဖွဲ့အစည်းအတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ပါသည်။

အတၱပရဆက္ဆံေရး

စစ်မှန်သော ဆက်ဆံရေးသည် ကျွနု်ပ်တို့ကျောင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြားသူများနှင့် ပတ်ဝန်းကျင်ကို စစ်မှန်သောစိတ်ထားဖြင့် ဆက်ဆံခြင်းသည် တစ်ကိုယ်ရည်တိုးတက်မှု၊ လူမှုဆက်ဆံရေးတိုးတက်မှုနှင့် စိတ်နေစိတ်ထားတိုးတက်မှုတို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ကလေးများ လူမှုနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံတတ်စေရန်၊ ကိုယ်ချင်းစာတရားထားတတ်စေရန် နှင့် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်သည် ကိုယ်နှင့်ဆိုင်သည်ဟူသော စိတ်ထားမျိုးထားတတ်စေရန် ကျွနု်ပ်တို့က အားပေးကူညီထောက်ပံ့ပါမည်။

baby-boys-childhood-160946

စစ်မှန်မှု/တက်ကြွမှု

KMS process learning သည် ကျွန်ုပ်တို့ လုပ်ငန်း၏ ဗဟိုချက်ဖြစ်သည်။ ကလေးများ၏ အတွေ့အကြုံမှ လေ့လာသင်ယူခြင်းကိုသာ အထူးအာရုံထားပါသည်။ ကိုယ်တိုင်လုပ်ဆောင်ခြင်းမှ အတွေ့အကြုံကောင်းများ ရရှိစေပါသည်။ သဘာဝအတိုင်း အစစ်အမှန်လေ့လာခြင်းသည် ကလေးများ အား မိမိကိုယ်ကို မိမိ ပိုမို နားလည်စေနိုင်သည့် အရေးကြီးသည့်အချက်ဖြစ်ပြီး သင်ယူရခြင်း ရည်ရွယ်ချက်ကိုပါ ရှင်းရှင်းလင်းလင်းသိစေနိုင်ပါသည်။

ရွေးချယ်ခွင့်ပေးခြင်း( လွတ်လပ်စွာသင်ယူခြင်း)

ငါဘာလဲ ၊ ငါဘာလုပ်နိုင်လဲဆိုသည့်မေးခွန်းများသည် ဘဝအတွက် အရေးကြီးသော မေးခွန်းများဖြစ် သည်။ ကလေးများသည် သူ့နည်းသူဟန် စွမ်းဆောင်နိုင်ကြသည်သာချည်းဖြစ်သည်။ ကျွနု်ပ်တို့က ကလေးများ မိမိတို့ဘာသာ နှင့် အခြားသူများကို နားလည်လာတတ်စေရန် လေ့ကျင့်သင်ကြားပေးပါ မည်။ ကလေးများအား ရွေးချယ်ပိုင်ခွင့်ပေး၍ လူတိုင်းတွင် လုပ်နိုင်စွမ်းရည်နှင့် ရည်မှန်းချက်ရှိကြောင်း ကို သဘောပေါက်စေကာ မိမိတို့၏အရည်အချင်းနှင့် ရည်မှန်းချက်ကို သိရှိစေပါမည်။

ကျန်းမာသောကလေး

ကျန်းမာခြင်းသည် အနာရောဂါဘယကင်းရှင်းယုံသာမက ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း၊ လူမှုရေးသုခနှင့်ပြည့်စုံခြင်း ဆိုသည့် ဘက်ပေါင်းစုံမှအချိုးကျကျ မျှမျှတတ ဖြစ်နေသည့် အခြေအနေ ပင်ဖြစ်သည်။ သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တွင် အဟာရဖြစ်ပြီး ဘေးကင်း သော အစားအသောက်များကိုစားကာ တစ်ဦးနှင့်တစ်ဦး အားကိုးအားထားပြုနိုင်ခြင်းသည် ဘဝတွင် အောင်မြင်မှုများရယူနိုင်ခြင်းအတွက် နည်းလမ်းကောင်းဖြစ်သဖြင့် ကျွနု်ပ်တို့၏ သဘာဝကျောင်းက ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်သည်။

ကာယကြံ့ခိုင်မှု

ကိုယ်ကာယကြံ့ခိုင်မှုရှိမှသာ နေ့တဓူဝ လုပ်ငန်းဆောင်တာများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကိုယ်ကာယကြံ့ခိုင်မှုနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုရှိလာခြင်းသည် တက်ကြွသော ကျောင်းသားများအတွက် နောက်ထပ်ရလာသော အသီးအပွင့်ဖြစ်သည်။ကာယကြံ့ခိုင်၍ စိတ်ဓါတ်ခိုင်မာမှုသည် ဘဝတစ် လျှောက်လုံးတွင် ကျန်းမာတက်ကြွသောသူ ဖြစ်စေနိုင်ပါသည်။

ငြိမ်းချမ်းသောစိတ်၊ လှပသောကလေးငယ်

အလျင်အမြန်ပြောင်းလဲတိုးတက်နေသော ကမ္ဘာတွင် ကလေးများကို ပုံသွင်းရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ ကလေးများအတွက် မည်သည့်အရာက အရေးပါသည်ကို သိရှိခြင်းပင်ဖြစ်သည်။ အရေးပါမှုသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။ကျွနု်ပ်တို့၏ တာဝန်မှာ ကလေးများကို ယုံကြည်မှုရှိရန်၊ ခံနိုင်ရည်ရှိရည်၊ ရဲရင့်ရန်၊တီထွင်ဖန်တီးတတ်ရန်၊ ပြဿနာဖြေရှင်းတတ်ရန်အတွက် ကူညီ ပေးရန်ပင် ဖြစ်သည်။