ဝန်ဆောင်မှုများ

Wild to Wise Inspired Nature School

အသက် ၃ နှစ်မှ ၆ နှစ်အထိ၊ ၇ နှစ်မှ ၁၅ နှစ်၊ ၁၆ နှစ် မှ ၂၀နှစ် အထိ အုပ်စု ခွဲထားရှိပါသည်။

မူႀကိဳ

နေ့စဉ်လှုပ်ရှားမှုများတွင် သဘာဝတွင်ကစားခြင်းနှင့် နေရာအလိုက် အစီအစဉ်များပါရှိပါသည်။ တောတွင်းထောက်လှမ်းခြင်း၊ ရုပ်သေးပွဲများ၊ သရုပ်ဆောင်တင်ဆက်ခြင်း၊ ပုံပြောခြင်း၊ ဥယာဉ်စိုက် ခြင်း၊ဟင်းချက်ခြင်း၊ သီချင်းဆိုခြင်းနှင့် လှုပ်ရှားမှုကစားနည်းများ၊ ဝိုင်းဖွဲ့ခြင်း၊ ဆေးရောင်ချယ်ခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ယောဂနှင့် တရားထိုင်ခြင်းများပါဝင်ပါသည်။

သင်ထောက်ကူပစ္စည်းများကိုလည်း သဘာဝပတ်ဝန်းကျင်တွင်ရှိသော ပစ္စည်းများကိုသာ အသုံးပြု ထားပါသည်။သစ်သားအရုပ်ကစားစရာများ၊ ပိုးအဝတ်များ၊ ရွှံ့မီးဖို၊ သဘာဝရှိပစ္စည်းလေးများဖြင့် ကစားခြင်း နှင့်သဘာဝရှိအရောင်များကိုအသုံးပြုခြင်း တို့သည် သမားရိုးကျကျောင်းများနှင့်မတူ တမူကွဲ၍  ကလေးများကို သက်တောင့်သက်သာ ရှိစေပါသည်။

၁၈လမှ ၃၆ လကြား ကလေးငယ်များနှင့် ယင်းတို့၏မိဘများအတွက်အစီအစဉ်

ကလေးငယ်များ၏ဖွံ့ဖြိုးတိုးတက်မှုအကြောင်းဆွေးနွေးမည်၊ သီချင်းများလေ့လာမည်၊ လက်မှုပညာ ဖန်တီးမှုနှင့် သဘာဝကိုသက်ဝင်ခံစားထားသော လက်ရာများကို ဖန်တီးပြမည်။

ကစားစေခြင်းဖြင့်အားဖြင့် ကလေးများသည်း သူတို့၏ကမ္ဘာ ကိုနားလည်လာပြီးသူတို့၏ ဆန္ဒအမှန် များကိုလည်း ဖွင့်ဟလာတတ်ပါသည်။ မိဘများကလည်း သဘာဝကိုအခြေခံသော လက်ရာများကို ဖန်တီးကြမည်ဖြစ်သည်။

ကျောင်းပြင်ပမူကြို

အသက် ၃ နှစ်မှ ၆ နှစ်ကြားကလေးငယ်များအတွက် ကျောင်းပြင်ပမူကြို

ရာသီမရွေး ပြင်ပတွင်သာ သင်ကြားမည်။ မည်သည့်ရာသီဥတုအခြေအနေတွင်မဆို ကလေးများအား ကစားနိုင်အောင်၊ သစ်တောအတွင်း ရှာဖွေလေ့လာစူးစမ်းနိုင်အောင် အားပေးကူညီသွားမည်။ လူကြီး များက ဦးဆောင်ရန်အတွက်မဟုတ်ပဲ ကူညီပေးရန်သာဖြစ်သည်။

အသက်ရှင်လွတ်မြောက်ခြင်း၊ ဘေးအန္တရယ် နှင့် ကျွမ်းကျင်မှု

ကလေးများကို အသက်ရှင်လွတ်မြောက်မှု လုပ်ဆောင်ရာတွင် သတ္တိရှိလာစေရန်၊ ယုံကြည်မှုရှိလာစေရန်၊ ခံနိုင်ရည်ရှိလာစေရန်  စနစ်တကျ စီစဉ်ထားသော စွန့်စားမှုများကို မကြာခဏလုပ်ဆောင်ခိုင်းပါမည်။

ပြင်ပစခန်း

အသက် ၇နှစ်မှ ၁၃ နှစ်အရွယ်ထိ ကလေးများအတွက် ရာသီစုံ နေ့ပြင်ပစခန်းထားရှိပါမည်။

အသက်ရှင်လွတ်မြောက်မှုအတွက် ကျွမ်းကျင်မှုများကို သင်ကြားပေးပါမည်။ ကလေးများကို တစ်ရက်စာအတွက်လိုအပ်သော ထုတ်ပိုးမှုပြင်ဆင်ခြင်း၊ ပြင်ပစခန်းအတွက်လိုအပ်သော အသုံးအ ဆောင် အဝတ်အထည်များ ၊ မီးမွှေးခြင်း၊ ကြိုးချည်းနည်း၊ ယာယီတဲ ရွက်ဖျင်တဲများထိုးခြင်း နှင့် ပြင်ပစခန်းတွင် လိုအပ်သော အစားအသောက်များအကြောင်း သင်ကြားပေးမည်။

Nature Holiday Club- ကျွနု်ပ်တို့၏သဘာဝတောရိုင်းသို့

ကျွနု်ပ်တို့၏သဘာဝတောရိုင်းသို့လာရောက်၍ အတွေ့အကြုံယူမည့်အစီအစဉ်များကို အစိုးရ ကျောင်းများ ကျောင်းပိတ်ရက်နှင့်တိုက်အောင် စီစဉ်ထားရှိပါသည်။နေ့ခင်းဘက်အစီအစဉ်သာဖြစ်ပြီး ညအိပ်အတွေ့အကြုံယူမည်အစီအစဉ်မပါရှိပါ။

သင်၏ကလေးငယ်သည် သဘာဝတောရိုင်းအတွင်းသို့ ဝင်ရောက်သွားသောအခါတွင်သူတို့သည်-

  • ကျွနု်ပ်တို့၏ ကိုယ်ပိုင်တောအုပ်ထဲတွင် သန့်ရှင်းသောလေကိုရှုရှိုက်၍ တစ်နေကုန် လန်းဆန်း တက်ကြွနေပါလိမ့်မည်။
  • သက်ဆိုင်ရာနေရာများတွင်ရှိသော လက်လှမ်းမီရာ သဘာဝပစ္စည်းလေးကို အသုံးပြု၍ စိတ်ကူးဉာဏ် ကွန့်မြူးပြီး တီထွင်ဖန်တီးတတ်လာပါမည်။
  • ကိုယ်နှင့်ဆိုင်သော တောတွင်းစွန့်စားမှုများနှင့် သဘာဝကစားနည်းများကို ရွေးချယ်တတ်လာ ပါမည်။
  • မိမိကိုယ်ကို ယုံကြည်မှု၊ လေးစားမှု၊ ပြဿနာဖြေရှင်းနိုင်မှု နှင့် ခံနိုင်ရည်ရှိမှုများ တိုးတက်လာပါ မည်။
  • သူငယ်ချင်း မိတ်ဆွေသစ်များ ပေါများလာပါမည်။
  • အတူကစားခြင်းဖြင့် ကျွမ်းကျင်မှုများတိုးပွားလာကာ သဘာဝကသင်ကြားပေးသော ခေါင်းဆောင်မှုစွမ်းရည် တိုးတက်လာပါမည်။

ေတာတွင်းအတွေ့အကြုံများစွာရှိသည့် ကျွနု်ပ်တို့၏ ဝန်ထမ်းများက ကလေးများကို ကြီးကြပ် စောင့်ရှောက်ပါမည်။

ပညာပေးခြင်း

Wild to Wise သဘာဝကျောင်းသည် ကလေးများကို သဘာဝတွင် ကစားစေခြင်း၊ လေ့လာစူးစမ်းစေ ခြင်းဖြင့် ကလေးများက ကျွနု်ပ်တို့နေထိုင်သော သဘာဝပတ်ဝန်းကျင်ကို လေးစားချစ်မြတ်နိုးလာစေ သောသင်ယူမှုစနစ်ကို ယုံကြည်လက်ခံပါသည်။ဧက ၆၀ ကျော်ရှိသော သဘာဝသစ်တောဂေဟစနစ် အတွင်းရှိဇီဝမျိုးကွဲစုံတို့ကို အသုံးချ၍ ကလေးများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆက်နွယ်ပေးခြင်း ဖြစ် ပါသည်။

ကလေးသူငယ်များအား သင်ကြားပေးသော ကျွမ်းကျင်သူဆရာများသည် ယင်းတို့၏စာသင်ခန်းများ တွင် Wild to Wise သဘာဝကျောင်းမှ အခြေခံအချက်များကို ပြန်လည်မျှဝေနိုင်ရည် ရည်ရွယ်၍ ၁ ရက် သို့မဟုတ် ၂ ရက်ကြာသော အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပေးပါမည်။ ဤသို့ကျင်းပခြင်း သည် ကျွနု်ပ်တို့သဘာဝကျောင်းက ပြဌာန်းထားသော သင်ရိုးညွှန်းတမ်းပါ မျှော်မှန်း  သင်ယူခြင်း ရလဒ်များကို ရရှိစေရန်ဖြစ်ပါသည်။ မျှော်မှန်းထားသော သင်ယူခြင်းရလဒ်ကို ရရှိပါက အနာဂတ်တွင် သင်ကြားရေးစနစ်ပုံစံကို ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Wild to Wise သဘာဝကျောင်းမှ အသုံးပြုသော အခြေခံမူများကို လက်ရှိပညာရေး ရေစီးကြောင်းထဲသို့ ရောက်ရှိစေရန် ကြိုးစားအား ထုတ်နေခြင်းဖြစ်ပါသည်။

သဘာဝကျောင်းများ၏ အယူအဆ အတွေးအခေါ်သည် အခြားသောကျောင်းများ၏ စာသင်ခန်းပြင်ပ သင်ယူခြင်းများနှင့် ကွာခြားပုံကို ပြသရန်အတွက် ၁ ရက် သို့မဟုတ် ၂ ရက်ကြာသော အလုပ်ရုံဆွေး နွေးပွဲများကို ကျင်းပပေးပါမည်။ ထို့အတွက်ကြောင့် ဆရာများက အလုပ်ရုံဆွေးနွေးပွဲမှရလာသော အတွေ့အကြုံနှင့် အတွေးအခေါ်များကို ယင်းတို့၏သင်ကြားပေးမှုအစီအစဉ်များတွင် ပြန်လည်အသုံးချ နိုင်မည်ဖြစ်သည်။