
ကျွန်ုပ်တို့ကျောင်းပရဝဏ် နှင့် ပတ်ဝန်းကျင်အခြေအနေ
Wild to Wise သဘာဝကျောင်းသည် မိသားစုပိုင် သီးနှံစိုက်ခင်းရောနှောသစ်တောမြေဖြစ်ပြီး ဧက ၆၀ ကျော်ကျယ်ဝန်းကာ ဇီဝမျိုးကွဲများစွာကို တွေ့ရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၊ ပဲခူးအနောက်ဖက်ဒေသ၊ ပြည်မြို့နယ်၊ အနောက်ရွာသစ်ရွာ၊ ဘုရင့်နောင်လမ်းမကြီးနှင့် ဆက်သွယ်ထားသော ဝင်္ဂဘာတောင် ကျေးလက်လမ်းပေါ်တွင်တည်ရှိပါသည်။ လျှိုမြှောင်ချိုင့်ဝှမ်းများ၊ သဲချောင်းများ၊ သစ်တောအုပ်များနှင့် ကျောက်စိုင်ကျောက်ခဲများ ကိုတွေ့မြင်ရနိုင်ပါသည်။ မြန်မာနိုင်ငံ၏မြို့တော်ဖြစ်သော နေပြည်တော်မှ ၂၄၆ ကီလိုမီတာအကွာ၊ ရန်ကုန်မှ ၂၈၅ ကီလိုမီတာအကွာတွင် ရှိသောကြောင့် သွားရေးလာရေး လွယ်ကူပြီး ကားဖြင့် သွားပါက ၆ နာရီခန့်သာ ကြာမည်ဖြစ်သည်။
ကျွနု်ပ်တို့ကျောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၆၀၀ က ထူထောင်ထားခဲ့သော ရှေးဟောင်းပျူမြို့တော် ဖြစ်သည့် သရေခေတ္တရာနှင့် ၂ ကီလိုမီတာသာကွာဝေးပါသည်။ ယခုအခါတွင် သရေခေတ္တရာကို ယူနက်စကို၏စီစဉ်မှုဖြင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဝင် နေရာအဖြစ် သတ်မှတ်ထားပါသည်။ ဤနေ ရာသည် ဟက်တာ ၃၀၀ ကျော်( ဧက ၇၅၀၀ ကျော်)ကျယ်ဝန်းပြီး အကာအကွယ်ပေးထားသည့် နေရာဖြစ်ပါသည်။သီးနှံစိုက်ခင်းရောနှောသစ်တောနေရာများတွင် တောတွင်းခရီးကြမ်းသွားခြင်း၊ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး လူမှုယဉ်ကျေးမှုပညာကိုပါ လေ့လာနိုင်ပါသည်။
ဧရာဝတီမြစ်နှင့်ကျွနု်ပ်တို့ကျောင်းနှင့် ၁ ကီလိုမီတာသာကွာဝေးပြီး အနာဂတ်မျိုးဆက်များအတွက် မရှိမဖြစ် သဘာဝရေ အရင်းအမြစ်ကို လေ့လာနိုင်ပါသည်။